ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နမ့်ဆန် နိုဝင်ဘာ ၁၄

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးမောင်မောင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၊ သင်ယူမှုမဏ္ဍိုင်၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအရည်အသွေး မြင့်မားရေးစသည့်ဘာသာရပ်များကို နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာကျောင်း(၆၇)ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်များ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)