မက်မန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ကာ စာဖတ်သည့်အလေ့အထရရှိပြီး စာပေဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်နှင့်စာပေစကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက စာပေစကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကာ မက်မန်းမြို့ အခြေခံပညာအထက်တန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က စာပေဖတ်ရှု့ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူများက ၎င်းတို့ဖတ်ရှု့ခဲ့ဖူးသော စာအုပ်စာစောင်များမှ မှတ်သားဖွယ်ရာများ၊ အတွေးအမြင်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်နှင့်စာပေစကားဝိုင်းဆွေးနွေးပွဲသို့ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)