ကျောက်တော် နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲတွင် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှု အခြေအနေများအား တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် (၇)ရပ်အား ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်စန္ဒာမွန်က ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကျောက်တော်မြို့နယ်အတွင်း ကလေးသူငယ်အရေးကိစ္စနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားရှိပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းလုပ်ဆောင်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း