ပုသိမ်ကြီး နို၀င်ဘာ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအနေနဲ့ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေးနှင့် ပြည်သူ့စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များအား အသုံးပြုတတ်စေရန် အစရှိသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာဖတ်ပရိသတ်များ၏ရင်သွေးငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)