ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

ပင်းတယ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေ တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာ ရရှိသော တောင်ပေါ်ဒေသဖြစ်၍ အဆိုပါ ဒေသတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်၌ ဆီနေကြာ ဆယ်ပိဿာ တစ်ပုံးလျှင် ကျပ် ( ၁၃၀၀၀ဝိ/- ) မှ ကျပ် (၁၄၀၀၀ဝိ/-) ထိရရှိနေကြောင်းသိရပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူများမှာ ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက် ၊ ဂျူး ၊ ပဲပုတ် လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ ၊ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ ၊ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး၊ အိမ်တွင်းမှုရိုးရာ လက်မှုပညာဖြစ်သော ထီး၊ ခမောက်၊ ရှမ်းစက္ကူလုပ်ငန်းများကိုလည်း လုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကိုဦး (ပြန်/ဆက်)