(၅၆) နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မိုင်းပျဉ်း စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက် ၆ နာရီက မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်ရှိ ထေရဝါဒဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းပျဉ်းမြို့နယ် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ က ထေရဝါဒဘုန်းတော်ကြီးကျောင်း ခြံဝန်းအတွင်းနှင့်အပြင်ဘက်ရှိ မြက်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်းနှင့် လိုအပ်သည်များကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်ဆက်