မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများဖန်တီးနိုင်မည်”ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

မန်တုံ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၉:၃၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊အမှတ်(၁၇)စာစောင်၊ အယ်ဒီတာ့အာဘော်မှ စာတည်းမှူး၏ “ စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများဖန်တီးနိုင်မည်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသောဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊  လူတိုင်းစာဖတ်ခြင်း အလေ့အထ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မယေမန်ဦး(Grade-9)မှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်းနိုင်ငံအတွင်းရှိနိုင်ငံသားတို့၏ စာတတ်မြောက်မှုနှုန်း၊ နိုင်ငံသားတို့၏ အသိဉာဏ်ရေချိန် မြင့်မားမှုတို့ဖြင့် တိုင်းတာနိုင်သည် အစရှိစာပိုဒ်ပါအကြောင်းအရာများအားလည်းကောင်း၊ မကျင်ဆောင်(Grade-9)မှ စာပေတတ်မြောက် ခြင်းကြောင့် မှန်ကန် သည့်အသိ၊ အတွေးအခေါ် ရင့်သန်စေခြင်း၊ လူမှုဆက်ဆံရေးတိုးတက်ရရှိခြင်း၊ ဘဝအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်ချနိုင်ခြင်း အစရှိသည့်စာပိုဒ်ပါ အကြောင်းအရာများအား လည်ကောင်း၊ မလွေးအေးဆိုင်(Grade-9)မှ စာတတ်မြောက်ခြင်း၊ စာဖတ်ခြင်းနှင့်အမျိုးသားပညာရည် မြင့်မားခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အဓိက မောင်းနှင်အားဖြစ်ကြောင်း အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်း ဖတ်ကြားကြပြီး ခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)