မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းဖြတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)မြောက် အမျိုးသား အောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီက မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လုပ်သားရုပ်သံ ဒေါ်နှင်းနုထွေးက အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ထာဝစဉ် အောက်မေ့သတိရစေရေးအတွက် အသိပညာပေး မေးမြန်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)