ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက် မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများအား ပြသထားရှိ

ရသေ့တောင်   နိုဝင်ဘာ   ၁၄

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ရ‌သေ့တောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ  မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ပြသဆောင်ရွက်ထားရှိသည်။

အဆိုပါမြေစိုက်နံရံကပ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ် (၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည် ချက် (၉)ရပ်နှင့် သိပ္ပံနှင့်နည်းပညာအသက် မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၂၀၂၂-၂၃ပညာသင်နှစ် အတွက်A.G.T.I ပထမနှစ်ဝင်ခွင့် လျှောက်များခေါ်ယူခြင်းကြေညာချက်များ၊ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အလုပ်လျှောက်လွှာ ခေါ်ယူခြင်းများ၊ SIM Card များတွင်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေးညာချက်များ၊ အပါအဝင်နိုဝင်ဘာလအတွင်း ခေါ်ယူသည့်အလုပ်လျှောက်လွှာများစသည့် အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များအား အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ပြသဆောင်ရွက်ထားရှိရာ ပြည်သူများနှင့် လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)