၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

အမရ  နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်ပြီး စည်ကမ်းချက်များကို ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကလေးငယ်များမှ ကဗျာရွတ်ဆိုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှနှင့် စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းတို့က အမှတ်ပေးခဲ့ကြပြီး ဆုရရှိသူများကို ဆုပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)