မာန်အောင် နိုဝင်ဘာ ၉
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့ နံနက် ၁၁ နာရီအချိန်ကရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ရုံးသို့သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိ ဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊ စာစောင်စသည့် စာအုပ်(၈၀)ကျော်ဖြင့် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ရုံးရှိ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်သူများ အဆင်ပြေစေရန် Mobile Library ဖြင့်စာအုပ်စာစောင်များ(အခမဲ့)တစ်ပတ်ငှားရမ်းပြီး အသစ်လှဲလှယ်စနစ်ဖြင့် အပတ်စဉ် ပုံမှန် ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)