စားသုံးသူအခွင့်အရေး သိကောင်းစရာ အသိပညာပေး Online Talk Show ရိုက်ကူးထုတ်လွှင့်

ညောင်ဦး  နိုဝင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူအခွင့်အရေး အသိပညာပေး Online Talk Show အစီအစဉ်အား ယမန်နေ့ နံနက် ၈နာရီအချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)နှင့် စားသုံးသူရေးရာ ဦးစီးဌာန ၊မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အသိပညာပေး ဆွေးနွေးမှုရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ) က Online Talk Show ရိုက်ကူးထုတ်လွှင့်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဦးတင်မျိုးခိုင်မှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူအခွင့်အရေး ဦးစားပေး ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေး ဆရာများနှင့် စာပေချစ်သူများဖြင့် ပူးပေါင်းကာ Online Talk Show ဆွေးနွေးပွဲများ၊ ပုံပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ နေ့ထူးနေ့မြတ်များအကြောင်း၊ စာပေဆွေးနွေးပွဲ၊ စာအုပ်စာစောင် ပြပွဲများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ