နမ့်ဆန်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေးခြင်း ဆောင်ရွက်

နမ့်ဆန် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့လယ်ရပ်ကွက်နှင့်အခြေခံမူလတန်းကျောင်းများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာနိုင်သည့် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများစာပေကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ယခင်ဌားရမ်းပေးထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းပြီး စာဖတ်သူအကြိုက်တွေ့စေမည့် စာအုပ်စာစောင်အသစ်များဖြစ်သော သုတ/ရသစာအုပ်များ မဂ္ဂဇင်း၊ ရုပ်ပြများကို ပြန်လည်ဌားရမ်းပေးခဲ့သည်။ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို နမ့်ဆန်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များ၊ ကျောင်းများသို့ အလှည့်ကျသွားရောက်ဌားရမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)