နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း(ငွန်ဆိုင်း)၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

နမ့်ဆန် နိုဝင်ဘာလ   

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း (ငွန်ဆိုင်း)၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ်သည်  မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စတင်လိုက်သည့် အမျိုးသား တော်လှန်ရေးကြီးပင် ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်မှအစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ပြည်သူတစ်ရပ်လုံးသည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ပေါက်လာခဲ့ပြီး ဝံသာနုစိတ်ဓာတ်အခြေခံကာ အမျိုးသားစည်းလုံးညီညီတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ရာ ထိုအချိန်မှစ၍ တိုင်းရင်းသားပြည်သူများ၏ စိတ်နှလုံးတွင် အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းခဲ့ရာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်များကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအချိန်တွင် (၁၀၂) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းစသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား အသိပညာရရှိစေရန် ရည်ရွယ်၍ အမျိုးသားနေ့နှင့် ပတ်သက်သော နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)