မံစီမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပ

မံစီ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်၊ စာပေများကို လေ့လာဖတ်ရှုစေရန် ရည်ရွယ်၍ ကျင်းပ ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေကပြောကြားသည်။ အထက်တန်းအဆင့်ကို “မျိုးချစ်စိတ်ဓာတ်အစ အမျိုးသားနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကို “အမျိုး သားနေ့နှင့် သမိုင်းပေးတာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ပြိုင်ပွဲကိုကျင်းပခဲ့ရာ မြို့နယ်အတွင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း၊ ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)