မိုင်းလုံ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများကိုဦးဆောင်၍ ဆေးရုံအတွင်းရှိ ကုတင်များကို စနစ်တကျထား၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံဝင်းအပြင်ရှိ ခြုံနွယ်များကိုရှင်းလင်းခြင်း၊ ဆရာဝန်အိမ်နှင့်ဝန်ထမ်းအိမ်ရာများရှိ ခြုံနွယ်များကိုရှင်းလင်းဆောင်ရွက်ခဲ့ရာ အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လုပ်အားပေးသောပြည်သူ(၈၀) ဦးခန့်ကို လက်ဖက်ရည်နှင့် ကောက်ညှင်းပေါင်းများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)