ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းလမ်း၌ ကျဉ်းမြောင်းနေသည့် (၁.၄)ကီလိုမီတာ လမ်းပိုင်းနေရာအား တိုးချဲ့ခင်းပေးရာ လုပ်ငန်းများ ပြီးစီးပြီဖြစ်

ကျောက်ဆည်   နိုဝင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်း၌  ကျဉ်းမြောင်းနေသည့် (.)ကီလိုမီတာ လမ်းပိုင်းနေရာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး တိုးချဲခင်းပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရသည်။ 

ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား တိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်(၁၉၃.၂၀၀)သန်းဖြင့် မိုင်တိုင်အမှတ် ()ကီလိုမီတာမှ (.)ကီလိုမီတာအထိ အရှည်(.) ကီလိုမီတာ မူလ(.)မီတာအကျယ် ကတ္တရာလမ်းအား အခြေခံအလွှာအဖြစ် တစ်ဖက်လျှင် (.)မီတာအကျယ်၊ (၁၅၀) မီလိမီတာထု ()လွှာ ခင်းကြိတ်ပေးပြီး၊ ဒု အခြေခံလွှာအဖြစ် တစ်ဖက်လျှင် (.)မီတာအကျယ်၊ (၂၂၅)မီလိမီတာထု ချဲ့ခင်းပေးခြင်း၊ အပွန်းခံအလွှာအဖြစ် (.)မီတာအကျယ်၊ (၇၅)မီလိမီတာ ထုခင်းခြင်းနှင့် ရေပိတ်လွှာခင်းခြင်း၊ ဂျင်ကျောက်မြေလမ်းပုခုံးခင်းခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျဉ်းမြောင်းနေသည့်လမ်းပိုင်းအား တိုးချဲ့ခင်းပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာခြင်းနှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ပြီးဖြစ်ကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများလည်း ပိုမိုဖွံ့ဖြိးတိုးတက်လာကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)