ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ကောလိပ်ကျောင်းသား/သူ အသစ်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

ဒဂုံဆိပ်ကမ်း    နိုဝင်ဘာ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက် (:၀၀) နာရီအချိန် က ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကောလိပ်ကျောင်းသား၊ ကျောင်းသူ အသစ်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဒီဂရီကျောင်းသို့ ကျန်းမာရေးစစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးမူယာကျော်နှင့် ဆရာ၊ဆရာမများက ကောလိပ် ကျောင်းသား၊ ကျောင်းသူအသစ် (၃၇၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ၊ Bပိုး၊ Cပိုး ရှိ/မရှိ၊ HIV ရောဂါပိုး ရှိ/မရှိ တို့ကိုစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)