မိုင်းပျဉ်းမြို့တွင် ပြည်သူများလက်ဝယ်အရောက် စာအုပ်ငှားရမ်းခြင်းဆောင်ရွက်

မိုင်းပျဉ်း  နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြည်သူများထံလက်ဝယ်အရောက် စာအုပ်စာပေငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မီးသတ်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေစိတ်ပါဝင်စားသူများအနေဖြင့် မိမိရုံးသို့ လာရောက်နိုင်ရန်ခက်ခဲသော စာချစ်သူစာဖတ်ပရိသတ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စာပေဗဟုသုတများ ဖတ်ရှုလေ့လာစေနိုင်ရန် ရည်ရွယ်၍ ပြည်သူများထံလက်ဝယ်အရောက် စာအုပ်စာပေငှားရမ်းပေးခြင်း (Mobile Library)ကို မိုင်းပျဉ်းမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ်ဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။   

အဆိုပါ ပြည်သူများထံလက်ဝယ်အရောက် စာအုပ်စာပေငှားရမ်းပေးခြင်း (Mobile Library)ကို ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များအတွင်းသို့ လစဉ်သွားရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)