နွားထိုးကြီးမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

နွားထိုးကြီး  နိုဝင်ဘာ  ၁၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက (၁၀၂)နှစ်မြောက်၊ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲမကျင်းပမှီ မြို့နယ်ဦးစီအရာရှိ ဦးတင့်လွင်ဦးမှ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်