ပုဗ္ဗသီရိ နိုဝင်ဘာလ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာ၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စိတ်ပျော်ရွှင်တက်ကြွလန်းဆန်းစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကားပြော ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားအောင်ပွဲနေ့ စဉ်မမေ့၊ ပွားများ ရှင်သန် အမျိုးသားအောင်ပွဲနေ့ သံဓိဋ္ဌာန် စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီပြိုင်ပွဲ နှင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု နှင့် နှစ်သိမ့်ဆု ရရှိသူများနှင့် ပြိုင်ပွဲဝင်များကို တာဝန်ရှိသူများက ဆုများ၊ ဆုလက်ဆောင်များအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ် ပြည်သူစာကြည့်တိုက်မှပြသထားသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသရာ မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)