ဗန်းမော် နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားထားစေရန် ရည်ရွယ်၍ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲများဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိပြီး တန်ဖိုးထားတတ်စေရန်၊ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်စေရန် ယခုလို ပြပွဲများ ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် (Grade-5,Grade-6) ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုကြပြီး Grade-5 မှ မနှင်းရတီဦးက စိုးဇော်(ဆူးထက်အောင်)၏ မွှေးကြိုင်သော လေလည်နံ့ စာအုပ်ကိုလည်းကောင်း၊ မဖြူစင်မိုးနိုင်က MGU(မောင်ဦး)၏ မောင်မောင်၏ လက်ဆေးကဗျာ စာအုပ်ကိုလည်းကောင်း၊ မောင်အောင်ဇေပိုင်က ရဲသူ၏ တုံ့လှယ် မေတ္တာစာအုပ်ကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေး၍ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်(ခရိုင်ပြန်/ဆက်)