သန်လျင် နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သန်လျင်သဘာဝတရားရိပ်သာသို့ ဆပ်ကပ်လှူဒါန်းသော ဆွမ်းဆန်တော်အိတ် (၅၀၀)လွှဲပြောင်း ဆပ်ကပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သန်လျင်သဘာဝတရားရိပ်သာ သတိပဌာန်ဓမ္မာရုံ၌ ကျင်းပသည်။
အစီအစဉ်အရ အခမ်းအနားအား ဘုရားကန်တော့ဖွင့်လှစ်ပြီး ရိပ်သာပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်၊ ဆက်လက်၍ ဆရာတော်ထံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆပ်ကပ်လှူဒါန်းသော ဆွမ်းဆန် တော်များအား သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ဆက်ကပ် လှူဒါန်းသည်၊၊ ထိုနောက် သန်လျင်သဘာဝတရားရိပ်သာ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်နှင့်မြို့နယ်များသို့ ပြန်လည်ပေးအပ် သည်။
ယင်းနောက် သန်လျင်သဘာဝတရားရိပ်သာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရထံမှ အနုမောဓနာရေစက်ချတရားနာယူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)