ရွှေပြည်သာမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ ၅၀၀၀ ဦးခန့်အားThe Gift From Panda Pack Project အစီအစဉ်ဖြင့် CHINA FOUNDATION For RURAL DEVELOPMENT မှ ကျောပိုးအိတ်နှင့်ကျောင်းသုံးပစ္စည်းများလှူဒါန်း

ရွှေပြည်သာ  နိုဝင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၁၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၀၀၀ ဦးခန့်အား ကျောပိုးအိတ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး CHINA FOUNDATION For RURAL DEVELOPMENT မှတာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား ကျောပိုးအိတ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား/သူများကိုယ်စားကျောင်းအုပ်ဆရာမကြီး၊ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)