တာချီလိတ်မြို့၌ " မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် " ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

တာချီလိတ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က"မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ယခုလို Online အသိပညာပေး Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်၊ မီးခိုးငွေ့အဓိပ္ပါယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ မိမိတို့ ပတ်ဝန်းကျင် ကောင်းကင်ယံ၌ မီးခိုးမြူငွေ့များဖုံးလွှမ်းနေသည့် အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထုအရည်အသွေးများ နေ့စဉ်တိုင်းတာပြီး လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်းတို့အား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

အေးအေးလတ်