တံတားဦး နိုဝင်ဘာ ၁၁
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် မျောက်ကြောက်ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအားကို ယနေ့နံနက်(၁၀)နာရီက ကူတိုးဆိပ်ကျေးရွာအုပ်စု၊ ကူတိုးဆိပ်ကျေးရွာသို့ကွင်းဆင်း၍ Hand Speaker ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါလျော့ပါးသက်သာစေရန်အတွက် အသက်ကြီးအဘိုးအဘွားများ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ နာတာရှည်ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ရောဂါအကောင်းဆုံးကာကွယ်မှုနည်းလမ်းမှာ စနစ်တကျလက်ဆေးမှုမပြုဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရေး၊ သန့်ရှင်းလတ်ဆက်သည့် အစားအစာများကို ရွေးချယ်စားသုံးရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ရောဂါပိုးကူးစက်ခံရနေသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် မျောက်ကြောက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြကြောင်း ကူတိုးဆိပ်ကျေးရွာအုပ်စု ကူတိုးဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ထံမှ သိရသည်။
ရဲတင့်