ကမာရွတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကမာရွတ်     နိုဝင်ဘာ   ၁၁        

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ကယဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအောင်သန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေဖြိုးအောင်၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုးမင်းအောင်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးတို့မှ ဟောပြောပေးခဲ့ပါသည်။

အဆိုအာဟောပြောပွဲကို ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ အ.ထ.က(၂)အခြေခံကျောင်းနှင့် အမှတ်(၉)ရက်ကွက်ရှိ လေ့ကျင်ရေးအထက်တန်းကျောင်း၌  အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူ(၄၅၀)ဦးတို့အား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပေးခဲ့ကြပါသည်။ ထို့နောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ပြန်လည်ဖြေကြားပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စိမ်းလဲ့(ပြန်/ဆက်)