ခရမ်း နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ပဲခူး-ရန်ကုန်လမ်းမကြီးနှင့် လူစည်ကားရာလမ်းစုံများတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးရန်ကုန်လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့်ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဥ်မောင်းနှင်သူတစ်ဦးလိုက်နာရမည့်စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန်စသည့်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့သည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခရမ်းမြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်စီမံအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမှတ်(၅၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲအုပ်မျိုးရန်နောင်စန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )