လှည်းကူးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

လှည်းကူး နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း အသိပညာ ဗဟုသုတများရရှိစေရန် စာကြည့်တိုက်သို့ ဝင်ထွက်သွားလာတတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသား အောင်ပွဲနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီးနောက် ပုံပြောပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာရန်ကင်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၇)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)