တပ်ကုန်း နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများအသုံးပြုပြီး၊ ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကုလားပဲ(၂)ဧက စိုက်ပျိုးမှာဖြစ်ပါတယ်၊ မြေအစိုဓာတ်ရရှိအောင် ထွန်စက်ထယ်၊ နွားရှဉ်းထယ်များနဲ့မြေပြုပြင်ထားပြီး၊ မျိုးစေ့အနေနဲ့ကတော့ ထိုင်ဝမ်ကုလားပဲမျိုး စိုက်ပျိုးမှာဖြစ်ပါတယ်၊ မျိုးစေ့ချလုပ်အားခတစ်ဦးကို ၂၅၀၀ ကျပ်နှုန်း၊ နွားထယ်တစ်ရှဉ်းကို(၁)သောင်းနှုန်း၊ ထွန်စက်ထယ်တစ်စပ်ကို (၃)သောင်းခွဲနှုန်းနှင့် ကုလားပဲမျိုးစေ့တစ်တင်းကို (၈)သောင်းနှုန်းဖြင့် စိုက်ပျိုးရပါတယ်၊ တစ်ဧကစိုက်ပျိုးစရိတ်ကတော့ (၂)သိန်းခွဲလောက် ကုန်ကျမှာဖြစ်ပါတယ်” ဟု ကွင်းအမှတ်(၁၃၁၆)ကွင်း၊ ကုလားပဲစိုက်တောင်သူ ဦးမျိုးအောင်၏ ပြောပြချက်အရသိရပြီး၊ တပ်ကုန်းမြို့နယ်တွင် ကုလားပဲစိုက်ဧကများကို (၈၅၀)ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)