လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၁၁

ကလေးများဖွံ့ဖြိုးတိုးတက်ရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအစများ ထက်မြက်လာစေပြီး ကလေးများ တီထွင်ဖန်တီးလိုစိတ် စသည့်အလေ့အထကောင်းများ ရရှိစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား လူထုအခြေပြုဗဟိုဌာန (Community Centre)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတတိုးမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားဖို့ဟာ စာပေဗဟုသုတမှာပဲရှိပါကြောင်း၊ အတတ်ပညာအတွက် ကျောင်းစာ သင်ကြားနေသလို မိမိရဲ့အသိပညာအတွက်လည်း စာအုပ်စာပေများကို လေ့လာဖတ်ရှုမှရမည်ဖြစ်ကြောင်း စာအုပ်စာပေတွေကနေရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်လာမည်မြင့်မားလာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မိုင်းယန်းမြို့၊ ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးခွန်ရဲထွေးမှ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး