တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြုးတိုးတက်ရေးအတွက် ဘက်စုံသုံးခန်းမ ဆောက်ရွက်ပေးနေ

တန့်ယန်း  နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေရာ နားဟုတ်ကျေးရွာအုပ်စု ပုံဟောင်းခုန်ကျေးရွာ၌ ဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နားဟုတ်ကျေးရွာအုပ်စု၊ ပုံဟောင်းခုန်ကျေးရွာ ဘက်စုံသုံးခန်းမအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ VDP ရန်ပုံငွေမှ ငွေကျပ် သိန်း (၁၀၀) နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု ငွေကျပ် သိန်း (၆၁) စုစုပေါင်း ငွေကျပ် (၁၆၁) သိန်းဖြင့် အလျား (၅၀)ပေ၊ အကျယ် (၃၀)ပေ၊ အမြင့် (၁၂)ပေရှိသည့် ဘက်စုံသုံး ခန်းမဆောင်ကို ဆောင်ရွက်ပေးနေရာ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)