ကွတ်ခိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က နိုဝင်ဘာ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲပြုလုပ်ရာတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ်ကလေးသူငယ်များ၏ အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာစေရန်အတွက် အမှတ်(၂)ရပ်ကွက်ရှိ ဧဒင်မူလတန်းကြိုကျောင်းမှ ကလေးငယ်စုစုပေါင်း(၂၁)ဦးဖြင့် ပြိုင်ပွဲဝင်ကလေးငယ်များ၏ လက်ချောင်းများသန်မာစေသော အားကစားဖြစ်သည့် အရုပ်များဆက်ခြင်းနှင့် မုန့်စားပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲ၌ ထူးချွန်သည့်ကလေးငယ်များအား ဆုများပေးအပ်ခဲ့ပြီးက လေးစာဖတ်ခန်းတွင် ကလေးများပျော်ရွှင်စွာဖြင့် ကဗျာ/သီချင်းများ သီဆိုခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)