မိုင်းရယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲများ ကျင်းပ

မိုင်းရယ် နိုဝင်ဘာ ၁၀

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲများကို ယမန်နေ့နေ့လည်(၁)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို မိုင်းရယ်မြို့ပေါ်ကျောင်းများဖြစ်သည့် အထက၊ အလက၊ မူလွန်-၁၊ မူလွန်တပ်တွင်း ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို မူလွန်(လုတ်ခိုက်)၊ မူလွန်(လုတ်တောင်း)ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၄) ဦးပါဝင်ယှဉ်ပြိုင်ကြပါသည်။

ယင်းနောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝတ်ရည်ကျော်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းဆွေတို့ကလည်းကောင်း၊ အလယ်တန်းအဆင့် မြန်မာစာစာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲဆုရရှိသူများအား မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်မာလာတို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)