လမ်းမတော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

လမ်းမတော်   စက်တင်ဘာ  ၁၉

ရန်ကုန်အ‌နောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား ၃ လတစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိရာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် လမ်းမတော်မြို့နယ်အတွင်းရှိ ဘိုးဘွား(၂၇၆)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၈,၂၈၀,၀၀၀) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာနမှ တစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်