အလုံ စက်တင်ဘာလ ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၄)နာရီက သစ်တောရပ်ကွက်အတွင်းရှိ ပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် သစ်တောရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉)စု အားတစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၈၀၀၀ဝိ/-) အား သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့်အဖွဲ့မှ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အလုံမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၁)ရပ်ကွက်ရှိရာ ပုံမှန်ဝင်မရှိသော အိမ်ထောင်စု (၈၂၇)ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်အလိုက် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
တင်တင်ချို (အလုံ)