မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ Lock Down ချထားသည့် မိသားစုများသို့ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

မရမ်းကုန်း စက်တင်ဘာ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊   အထက်ဗဟိုလမ်း၊ မုဒိတာအိမ်ရာ တိုက် A တွင် Lock Down ကျနေသည့် မိသားစုများနှင့် ဦးဘဟန်လမ်း (တောင်ယာခြံ)ရှိ မိသားစုများသို့ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှူတွင် ဦးချစ်ထွန်းလမ်း (၂)ရပ်ကွက်၊  လမ်းသူလမ်းသားများက ရေကတ်များ လှူဒါန်းခြင်း၊ ရွှေဥ ထမင်းဆိုင်က ငါးခြောက်ကြော်များ လှူဒါန်းခြင်းနှင့် စိန်- ၃ စားသောက်ဆိုင်က  ညနေစာအတွက် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းခြင်းများ ဆောင်ရွက်ကြရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂) ဒေါ်မိုင်နှင်းဝတ်ရည်မှ လက်ခံရယူပြီး ပြန်လည်ဝေငှပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)