မောက်မယ်မြို့နယ်၌ တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ဒေသခံပြည်သူများလက်ဝယ်အရောက်ပေးအပ်

မောက်မယ်၊ စက်တင်ဘာ ၁၉

ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွါးစဉ်ကာလအတွင်း  ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ် နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက တတိယအကြိမ်မြောက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်  မြို့ပေါ်(၇) ရပ်ကွက် တွင် ယမန်နေ့ညနေပိုင်းကစတင်၍ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဉီးဟန်သူရက ဉီးဆောင်၍ ထွေ/အုပ်၀န်ထမ်းများနှင့်  ရပ်ကျေး အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၄) စုအတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် (၂၀၀၀ဝ) နှုန်းဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ ကျေးရွာများမှအိမ်ထောင်စု (၁၁၉) စုအား ယနေ့တွင် ဆက်လက်၍ လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ပြန်/ဆက်( မောက်မယ်)