မိုင်းပျဉ်း နိုင်ဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အကြို ဟောပြာပွဲ၊ ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ(၂)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာ၊ အမကခွဲကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် စာပေဖတ်ရှုလေ့လားခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောရာ ဒေါ်နန်းဆိုင်လားမှ လွယ်ဘာသာစကားဖြင့် ဘာသာပြန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟောပြာပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်ပြီး စာဖတ်ခြင်းအလေ့အထများရရှိလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ နံရံကပ်စာစောင် ပြသ ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)