တွံတေးမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

တွံတေး နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုပ်ချုပ်ရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာ၊ ဦးပိုင်အမှတ်အမည် (၁၂၉-က/ အိုင်ကြီးကွင်း) တောင်သူ ဦးတင်ထွန်းအောင် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ဧကလယ်မြေ (၃.၁၇) ဧက၌ မိုးရာသီစိုက်ပျိုးထားသည့် ဧည့်မထ (အထွတ်ကောင်း) မျိုးအညာသားရက် (၉၀) စပါးခင်းစံကွက်၌ ယမန်နေ့နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူဦးတင်ထွန်းအောင် လယ်မြေ(၃.၁၇)ဧကမှ ထွက်ရှိသောစပါးကို (၆.၆×၆.၆) ပေ ကိုရိတ်သိမ်းခြင်းနှင့်(၀.၀၀၁) ဧကကို၁ဧကပြည့် စံကွက် ကိုစက်ဖြင့်ရိတ်သိမ်းခြင်း တို့ကိုဆောင်ရွက်ပြီး  တွက်ချက်မှုနည်းပညာသုံးပစ္စည်းများဖြင့် တိုင်းတာခဲ့ရာ ၁ဧက အထွက်နှုန်းမှာ (၇၂.၂၄)တင်း၊ အထွက်နှုန်းအတန်းအစား (သင့်) ဖြစ်ပြီး၊ စံကွက်ရိတ်သိမ်းမှုအခြေအနေများ၊ အထွက်နှုန်း တိုင်းတာမှုအဆင့်တို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရွှေပေါ်၊ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်လယ်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တောင်သူ ဦးတင်ထွန်းအောင်နှင့်တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)