ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ချမ်းမြသာစည်  နို၀င်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး‌ အသိပညာပေးဟောပြောပွဲများ ပြပွဲ၊ပြိုင်ပွဲများကို ကျင်းပ‌ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ လူငယ်ရေးရာဟောပြောပွဲ၊နံရံကပ် စာ စောင်ပြပွဲ စာအုပ်ပြပွဲတို့ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ‌ အမှတ်( ၃၀) အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုခိုင်က အဖွင့်အမှာ စကား‌ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ် ဦးစီး အရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်‌ ပေါင်းသင်းဆက်ဆံ‌ရေးခေါင်းစဉ်များကို လည်းကောင်း၊ မြို့နယ် အား/ကာမှူး ဦးတင်မောင်၀င်းက လူငယ်နှင့်အားကစား ခေါင်းစဉ်များကို ဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများသည်ခန်းမအတွင်း ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးအား/ကာသိပ္ပံမှတာ၀န်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ၊ အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)