တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တန့်ယန်း နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များ၊ ကျောင်းအုပ်ကြီးများ သိရှိဆောင်ရွက်ရမည့်အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲအား နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။              

မင်းလွင်ဦး(ပြန်/ဆက်)