သိန္နီမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

သိန္နီ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားရာတွင်  ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ တိုးတက် မြင့်မားလာစေရန် သင်ကြားရေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းတွင်း စီမံခန့်ခွဲမှု တိုးတက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးတိုးတက်မြင့်မားရေး၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို သိရှိလိုက်နာစေရေး၊ မိမိတို့ကျောင်းတွင် ကြုံတွေ့ရသည့် အခက်အခဲများအား အပြန်အလှန် ဖလှယ်ပြီး မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၄၅)ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နေ့မှ (၁၁) ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)