ကျောက်မဲ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ကျောက်မဲခရိုင်ဘဏ်ခွဲ မန်နေဂျာ ဉီးကျော်လွင်နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှု၊ အချိန်စေ့လွန်ကြွေးကျန်(NPL)များ အခြေအနေနှင့် ကောက်ခံရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် နယ်မြေအခြေအနေများကိုရှင်းလင်းတင်ပြ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် ကျောက်မဲမြို့နယ် ချေးငွေအကြံပေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မွန်းလွဲ ၃နာရီခန့် တွင် အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)