ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Mobile Phone ဖြင့်Video Editing သင်တန်း(၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Mobile Phone ဖြင့်Video Editing ပြုလုပ်နည်း သင်တန်း(၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့၊ နံနက် ၈:၃၀နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယ​နေ့​ခေတ်သည်နည်းပညာ‌ခေတ်ဖြစ်​သော​ကြောင့် ဝန်ထမ်းများ​ခေတ်နှင့်အညီ Mobile Phone ဖြင့် ကျွမ်းကျင်စွာ တည်းဖြတ်နိုင်ပြီး မိမိတို့၏​ဆောင်ရွက်ချက်များကို ပြည်သူများအား စိတ်ဝင်စားဖွယ်ပြသနိုင်​စေရန်၊ ဝန်ထမ်းများအရည်အ​သွေးမြင့်မားလာ​စေရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယ​နေ့ဖွင့်လှစ်​သော သင်တန်းအား စိတ်ပါဝင်စားစွာသင်ယူပြီး ရလာဒ်​ကောင်းများရရှိ​အောင်​ ဆောင်ရွက်ကြ​​​စေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင်  ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ အမှုထမ်းဝန်ထမ်း (၁၀)ဦးတို့အား Video Editing ပြုလုပ်ရာတွင်အသုံးပြုသည့်  Application များနှင့် မိတ်ဆက်ခြင်း Video Intro ပြုလုပ်နည်းနှင့် အသံ​နေအသံထားမှန်ကန်စွာ​ပြောနည်းများကို သင်တန်းနည်းပြနှစ်ဦးက သင်ကြား​ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ  (၁၀.၁၁.၂၀၂၂ မှ ၁၁.၁၁.၂၀၂၂ အထိ) နံနက် ၉ နာရီမှ မွန်းလွဲ ၂နာရီအထိ  စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mobile Phone ဖြင့်Video Editing ပြုလုပ်နည်းသင်တန်း (၂/၂၀၂၂)ကို အမှုထမ်းဝန်ထမ်း (၁၂)ဦးဖြင့် ၂၇.၁၀.၂၀၂၂ရက်​နေ့မှ ၂၈.၁၀.၂၀၂၂ ရက်​နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ခဲ့ပြီးဖြစ်​ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)