မိတ္ထီလာ ပညာရေးဒီဂရီ ကောလိပ်၌ လူငယ်စကားဝိုင်း ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ်  ပညာပါရမီခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်ဝိုင်းက အဖွင့်အမှာစကား ပြောကြားပြီး  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း အကြောင်းကို မိတ္ထီလာပညာရေး ဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်ရာ  သင်တန်းသား သင်တန်းသူ ဆရာဆရာမ ၆ ဦးက  လူငယ်နှင့်အားကစား ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေး ၊ လူငယ်နှင့်စာဖတ်ခြင်း ၊ လူငယ်နှင့် ပညာရေး ၊ လူငယ် နှင့် နည်းပညာ ခေါင်းစဉ်များဖြင့် ပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသူ သင်တန်းသား လူငယ် ၆ ဦးက ပါဝင်ဆွေးနွေးကြပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်သည်။ အဆိုပါ လူငယ်စကားဝိုင်း ပြီးစီးချိန်တွင် တက်ရောက်လာကြသူများက ပြန်လည်ပါဝင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းနှင့် ပတ်သက်၍ သုံးသပ်စကားကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ