မြစ်သားမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်းတောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

မြစ်သား       နိုဝင်ဘာ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန၊မြစ်သားစိုက်ပျိုး ရေးသုတေသနခြံတို့ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် ကုလားပဲမျိုးစေ့ချ  စိုက်ပျိုးခြင်းတောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြစ်သား စိုက်ပျိုးရေးသုတေသန  ခြံစိုက်ကွင်းတွင် သရုပ်ပြကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မျိုးစေ့ချကိရိယာဖြင့် ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားတွင်ကျောက်ဆည်မြို့အမှတ်(၂) လယ်ယာသုံးစက်ကိရိယာသုတေသနအလုပ်ရုံ(အင်းကုန်း)အလုပ်ရုံမှူး ဦးအောင်မျိုးလွင်ဦး ကအဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် စက်မှုလယ်ယာ ဦးစီးဌာန၊ခရိုင်ဦးစီး  ဌာနမှူးဦးကျော်မင်းဦး မှလက်ရှိဆောင်ရွက်လျက်ရှိသော စက်မှုလယ်ယာ ကူးပြောင်းရေးတောင်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေနေများအား ရှင်းလင်းပြောကြားကာ  မြစ်သားမြို့နယ်စက်မှုလယ်ယာ ဦးစီး ဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးရားကိုင်ထန်းက ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသောလယ်ယာသုံး စက်ကိရိယာအသစ်များနှင့်တောင်သူ လယ်သမားများ ရင်းနှီးကျွမ်းကျင်မှုရှိစေရန်၊သုံးစွဲရန်အခွင့်အလမ်းများရရှိရန်၊ နည်းပညာပြန့်ပွားစေ ရန်ရည်ရွယ်၍ယခုကဲ့သို့  တောင်သူများသိရှိစေရန်အတွက်   မျိုးစေ့ချကိရိယာဖြင့် (ရေဆင်း-၈) ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်းတောင်သူပညာပေးသရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းအသိပညာပေးရှင်းလင်း ပြောကြားသည်။ 

အဆိုပါသရုပ်ပြပွဲသို့  ကျောက်ဆည်မြို့အမှတ်( ၂ )လယ်ယာသုံးစက်ကိရိယာသုတေသနအလုပ်ရုံ (အင်းကုန်း) အလုပ်ရုံမှူးဦးအောင်မျိုးလွင်ဦး၊ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး   ဦးကျော်မင်းဦး၊ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းနှင့်ဝန်ထမ်းများ၊စိုက်ပျိုးရေး သုတေသန၊မြစ်သားစိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဒေါ်ဆွေဆွေမြင့်နှင့်ဝန်ထမ်းများ၊ တောင်သူဦးကြီးများတက်ရောက်ခဲ့ကြောင်းသိရသည်။

သီတာအောင်(မြစ်သား)