မော်လမြိုင် နို၀င်ဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)က မိမိတို့ရပ်ကွက်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း နယ်မြေဒေသတည်ငြိမ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့်နည်းလမ်းများ၊ ပြည်သူများကျန်းမာရေးအတွက် မိမိတို့ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအကြောင်းကို ဆွေးနွေးရှင်းပြခဲ့ကြသည်။
ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်မွေး/ကုဦးစီးဌာန၊မြိုနယ်လမ်းဦးစီးဌာန၊ မြိုနယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတာဝန်ခံတို့က ကျေးရွာနေပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသော ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းဖော်ဆောင်ရေးကိစ္စ၊ ပညာရေးကဏ္ဍ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိရေး၊ ကျေးရွာလူဦးရေတိုးပွားလာသည့်အတွက် မြေကွက်အသစ်များဖော်ဆောင်ရေးနှင့်စာသင်ကျောင်းအသစ်နှင့် မြေနေရာရရှိစေရေး အကြောင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် နည်းလမ်းများကို ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်