လဲချား နိုဝင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကို မမေ့ပျောက်စေရန်နှင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားကြရန် ပြောကြားခဲ့သည်။
ထို့နောက် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများကို ရှင်းလင်းပြောကြးခဲ့ပြီး အခမ်းအနားသို့ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူ (၂၀)ဦးတက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန် /ဆက်)