အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

ဇေယျာသီရိ နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်ရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ဆောင်ရွက်ခဲ့သည်။     

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက   ကျောင်းသူ/သားများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပ‌စာပေများကိုပါ လေ့လာဖတ်ရှုနိုင်ရေး ရည်ရွယ်၍ ကွင်းဆင်း ငှားရမ်းပေးခြင်းဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူ စာဖတ်ပရိတ်သတ်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစသည့် စာအုပ်စာစောင်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိစေရန် “၁၀၂”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)